Q&A

အသက် ၁၈ နှစ် နှင့် အထက် မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အသက် ၁၈ နှစ် မပြည့်ပါ က အုပ်ထိန်းသူ ခွင့်ပြုချက် ပါမှသာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်လျှင် ဗီဒီယိုတစ်ခု၊ တစ်ကြိမ်သာ ပါဝင် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ရန် အတွက် အခကြေးငွေ မလိုအပ်ပါ။ ပြိုင်ပွဲဝင်သူ အနေဖြင့် မိမိ၏ Freestyle Football ယှဉ်ပြိုင်ကစားမှုကို ဗီဒီယို ရိုက်ကူးပြီး ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဗီဒီယိုမှာ အနည်းဆုံး စက္ကန့် ၂၀ မှ အများဆုံး ၃ မိနစ်ထိ ကြာချိန်ရှိရမည်။

ရိုက်ကူးထားသော ဗီဒီယိုကို Voting များပေးရန်အတွက် MPT ၏ Portal (link) တွင်လာရောက် Upload လုပ်ရပါမယ်။ Upload မလုပ်မှီ သတ်မှတ်ထားသော အချက်အလက်များ (MPT Phone Number, Name and etc...) ကို ဖြည့်စွက်ပြီး Sign Up လေးကို ကြိုတင်ပြုလုပ်ပေးရပါမယ်နော်။ တင်ပြီးသော ဗွီဒီယိုကို နောက်နေ့ နေ့လည် (၁) နာရီတွင် MPT မှ ခွင့်ပြုပြီးသည်နှင့် တပြိုင်နက် မိမိ Video ဖိုင်လင့်ခ်ကို ကိုယ်ပိုင် Facebook account မှာ #MPTFreestyleFootballChallenge လို့ ရေးသားပြီး Public နဲ့ တင်ပေးလိုက်ရုံနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ထားသော ပြိုင်ပွဲဝင် ဗီဒီယိုများထဲမှ Winner Prize အယောက် (၂၀) နှင့် Early Bird Prize ပထမဦးဆုံး အယောက် (၂၀) ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ Early Bird Prize ကိုတော့ အစောဆုံးလာရောက်ယှဉ်ပြိုင်သူအယောက် (20)ကို ရွေးချယ်သွားမှာဖြစ်ပြီး Winner Prize အယောက် (၂၀) ကိုတော့ 50% Voting နှင့် 50% ဒိုင်လူကြီး အမှတ်ပေးစနစ်ဖြင့် ရွေးချယ်သွားမှာဖြစ်ပါတယ်။

Early Bird Prize အယောက် (၂၀) အတွက်ကတော့ ပြည်တွင်း နာမည်ကျော် ဘောလုံးကစားသမားရဲ့ အမှတ်တရလက်မှတ်ပါရှိတဲ့ ဘောလုံး (၁) လုံးစီ ရရှိမှာဖြစ်ပါတယ်။

  • Winner Prize အယောက် (၂၀) အတွက်ကတော့
  • First prize - 300,000 MMK
  • Second prize - 200,000 MMK
  • hird prize - 100,000 MMK

Consolidation prizes (17 prizes) – 50,000 MMK တို့အား MPT Money Application မှတစ်ဆင့် ချီးမြင့်သွားမည်ဖြစ်ပါတယ်။

ဒိုင်လူကြီးတွေအဖြစ် မြန်မာနေရှင်နယ်လိဂ်မှ ကိုမျိုးလှိုင်ဝင်း၊ ကိုစိုးမြတ်မင်းနှင့် ကိုသီဟစည်သူတို့က ပါဝင်အမှတ်ပေးသွားမှာဖြစ်ပါတယ်။

၂၀၂၀၊ မေလ ၂၃ ရက်နေ့မှ ၂၀၂၀၊ ဇွန် ၁၂ ရက်နေ့၊ ည ၁၁:၅၉ နာရီ အထိ ကျင်းပသွားမည်ဖြစ်သည်။

ဆုရရှိသူများကို ဇွန်လ ၁၉ ရက်တွင် MPT Official Facebook စာမျက်နှာ မှတစ်ဆင့် ကြေညာပေးသွားမည်။ထို့နောက် ဆုချီးမြှင့်ရန် အသေးစိတ်ကို Portal တွင်တင်ထားသော ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

မှတ်ပုံတင်ခြင်း